၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၊ လူရည်ချွန်ဆုရကျောင်းသားနှင့် ထူးချွန်ဆုရဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ပညာသင်ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ
Tender Description
ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုရရှိကြသူများသည် ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လရှိမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးပြည့်ဝမှုတို့ကြောင့် ထိုက်တန်သည့်ဆုများကို ရရှိခဲ့ကြသူများဖြစ်ကြောင်း၊ ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရမည့်သူများ ဖြစ်သည့်အတွက် အသိပညာဗဟုသုတမြင့်မားပြီး စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရန်လည်း အရေးကြီးကြောင်း။
ကြိုးစားအားထုတ်
ထို့ပြင် နိုင်ငံတော်က ဖွင့်လှစ်သည့် သင်တန်းအသီးသီးတွင် တက်ရောက်ပြီး ထူးချွန်ဆု ရရှိခဲ့ကြသည့် ဝန်ထမ်းများကိုလည်း ဂုဏ်ပြုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်မှာ ကျန်းမာကြံ့ခိုင်၍ ထူးချွန်ထက်မြက်သည့် “လူငယ်များ၏အား” ဖြင့် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ထူးချွန်ထက်မြက်သည့် လူငယ်များကို အစဉ်ချီးမြှောက် ဂုဏ်ပြုပေးလျက် ရှိကြောင်း၊ လူငယ်များအနေဖြင့် ကျောင်းပညာရေးသာမက နည်းပညာခေတ်ဖြစ်သည့်အတွက် သုတေသနအခြေပြု လေ့လာမှုများမှတစ်ဆင့် နိုင်ငံတော်၏ ဒစ်ဂျစ်တယ် စီးပွားရေးအဆောက်အအုံဖွံ့ဖြိုးလာစေရေး ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း။
ယနေ့ခေတ်မှာ လူမှုကွန်ရက်နှင့် မီဒီယာများ အသုံးပြုမှုများပြားလာသည်နှင့်အညီ သတင်းတုသတင်းမှားများကို အသိ၊ သတိ၊ ဉာဏ်ပညာဖြင့် ဆင်ခြင်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ မှေးမှိန်ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း၊ အနာဂတ်ကို ဖျက်ဆီးနေသည့် မူးယစ်ဆေးဝါးကိုလည်း အထူးသတိပြုရှောင်ကြဉ်ကြရန်နှင့် ကျန်းမာကြံ့ခိုင်ရေးအတွက်လည်း ကိုယ်လက်လှုပ်ရှားအားကစားကို လေ့လာလိုက်စားကြစေလိုကြောင်းနှင့် နောင်နှစ်များတွင်လည်း ဒီထက်မက ထူးချွန်ထက်မြတ်သည့် ကျောင်းသား ကျောင်းသူများ၊ ထူးချွန်သည့် ဝန်ထမ်းကောင်းများအပြင် နိုင်ငံတော်ကကျင်းပသည့် ပြိုင်ပွဲများတွင်လည်း စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ထူးချွန်ဆုများရရှိအောင် ဆက်လက်ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ငါးဘာသာဂုဏ်ထူးရှင် သုံးဦးနှင့် လေးဘာသာ ဂုဏ်ထူးရှင် လေးဦး တို့ကိုလည်းကောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးက သုံးဘာသာ ဂုဏ်ထူးရှင် ခြောက်ဦး တို့ကိုလည်းကောင်း တစ်ဦးချင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
