Korea International Cooperation Agency (KOICA) နှင့် တွေ့ဆုံဆွေးနွေးမှု
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး များ ဦးဆောင်သော တာဝန်ရှိပုဂ္ဂိုလ်များနှင့် Korea International Cooperation Agency (KOICA) မှ Ms. Lee Youn Soo (Chief Representative) ဦးဆောင်သော အဖွဲ့တို့သည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့ ၊ နံနက် (၉:၃၀) နာရီအချိန်တွင် ရုံးအမှတ် (၂၆) ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ကိုးရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Korea International Cooperation Agency – KOICA) မှ မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ ( Transporatation Sector ) အတွက် ဘဏ္ဍာငွေ ထောက်ပံ့ပေးနိုင်ရန် အတွက် မြန်မာနိုင်ငံ၏ ဘတ်ဂျက်ရေးဆွဲ တင်ပြခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
