အစိုးရအသုံးစရိတ်နှင့် ဘဏ္ဍာရေးတာဝန်ယူမှုဆိုင်ရာ အကဲဖြတ်သုံးသပ်မှု (PEFA) Assessment Launch အခမ်းအနား ကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ကမ္ဘာ့ဘဏ် PEFA မစ်ရှင်အဖွဲ့ မှ ကျွမ်းကျင်ပညာရှင် များနှင့် ပူးပေါင်း၍ ဒုတိယအကြိမ် အစိုးရအသုံးစရိတ်နှင့် ဘဏ္ဍာရေး တာဝန်ယူမှုဆိုင်ရာ အကဲဖြတ် သုံးသပ်မှုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် PEFA Assessment Launch အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် Hilton Hotel ၊ နေပြည်တော်၌ ကျင်းပခဲ့ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း ၊ အစိုးရအသုံးစရိတ်နှင့် ဘဏ္ဍာရေး တာဝန်ယူမှုဆိုင်ရာ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များ၊ အစိုးရအသုံးစရိတ်နှင့် ဘဏ္ဍာရေး တာဝန်ယူ မှုဆိုင်ရာ နည်းပညာကော်မတီ အဖွဲ့ဝင်များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့်  UK DFID ၊ Australia DFAT၊ European Union ၊ Italian Agency for Development Cooperation နှင့် Denmark တို့မှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။