နိုင်ငံဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ကိုယ်ပိုင်အိမ်ယာနှင့် နေထိုင်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် လစဉ်ပင်စင်ထောက်ပံ့နိုင်ရေးတို့အတွက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ (Central Provident Fund-CPF) တည်ထောင်သွားမည် ဖြစ်ပြီး၊ တည်ထောင်သွားနိုင်ရေးအတွက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော် ရေးကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက် ရက်စွဲပါအမိန့် ကြေညာစာအမှတ် ၂၇/၂၀၁၉ ဖြင့်ဖွဲ့စည်းပြီးဖြစ်ပါသည်။
