“ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့”၏ (၂/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)၊ ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် နံနက်(၁၀:၀၀)နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ စနစ် အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်နှင့် လုပ်ငန်းအဖွဲ့ဝင်များ ဖြစ်ကြသည့် သက်ဆိုင်ရာဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ စုံညီစွာတက်ရောက်ကြသည်။