ပင်စင်ဦးစီးဌာနသတင်းများ
နိုင်ငံဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ကိုယ်ပိုင်အိမ်ယာနှင့် နေထိုင်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် လစဉ်ပင်စင်ထောက်ပံ့နိုင်ရေးတို့အတွက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ (Central Provident Fund-CPF) တည်ထောင်သွားမည် ဖြစ်ပြီး၊ တည်ထောင်သွားနိုင်ရေးအတွက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော် ရေးကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက် ရက်စွဲပါအမိန့် ကြေညာစာအမှတ် ၂၇/၂၀၁၉ ဖြင့်ဖွဲ့စည်းပြီးဖြစ်ပါသည်။
မြန်မာ့စီးပွားရေးဘဏ်များတွင် ပင်စင်လစာထုတ်ယူသော အငြိမ်းစား ပင်စင်စားများအနေဖြင့် အဆင်မပြေမှုများရှိပါက ဘဏ်ကြီးများတွင် ထုတ်ယူခြင်းမပြုဘဲ မြန်မာ့စီးပွားရေးဘဏ်ခွဲများ တွင် လျှောက်လွှာတင်၍ ပြောင်းလဲထုတ်ယူနိုင်ပါသည်။
Saving Account ဖွင့်ထားသောဘဏ်စာရင်းထဲသို့ လစဉ်ပုံမှန်လွှဲပေးသော ဝန်ဆောင်မှုများ ပေးလျက်ရှိပြီး ATM Card ဖြင့် ထုတ်ယူနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ထို့အပြင် Myanmar mobile money၊ Wave money၊ Easy pay စသည့် ဝန်ဆောင်မှုများနှင့်လည်း ချိတ်ဆက်ထုတ်ယူနိုင်ပါသည်။
စက်တင်ဘာ ၈ ရက်ထုတ် ဆွစ်ဇာလန်နေ့စဉ် သတင်းစာတစ်စောင် ဖြစ်သည့် Neue Zurcher Zeitung က မြန်မာနိုင်ငံသို ့လာရောက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ အတွက် အကြံဉာဏ်၊ သုတေသနနှင့် နည်းပညာများဆိုင်ရာ အကျိုးဆောင် ကုမ္ပဏီ တစ်ခုဖြစ်သော ရန်ကုန်အခြေစိုက် Thura Swiss ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Patrick Fuchs က မြန်မာနိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းသည် တိုးတက်ကောင်းမွန် နေပြီးနိုင်ငံ၏ဂျီဒီပီမှာ ၁၅ နှစ်အတွင်း သိသာစွာမြင့်တက်လာမည်ဟု မျှော်လင့်ရကြောင်း၊ ထို့အတူ ဘဏ္ဍာရေး ဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်မှု၊ ဆက်သွယ်ရေးနှင့် ခရီးသွား လုပ်ငန်းများသည်လည်း နှစ်ဆ မြင့်တက်လာဖွယ်ရှိသည်ဟု ပြောကြားခဲ့ကြောင်း စသည်ဖြင့် ရေးသားဖေ
