March 2018 Archives
မြန်မာနိုင်ငံတွင် အစိုးရဘဏ္ဍာရေးစာရင်းအင်းများ စုစည်းပေါင်းချုပ်ခြင်းနှင့် အစီရင်ခံခြင်း တို့အား နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့ပူးပေါင်း၍Government Finance Statistics and Public Sector Debt Statistics Workshop အား၂၀၁၈ ခုနှစ်မတ်လ ၅ ရက်နေ့မှ၈ရက်နေ့အထိ နေပြည်တော် Hilton Hotel တွင်ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအလုပ်ရုံဖွင့်ပွဲအခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
၂၀၁၈ ခုနှစ်မတ်လ ၅ ရက်နေ့မွန်းလွဲ (၁၄:၀၀)နာရီတွင် Department for International Development (DFID)မှConsultant ဖြစ်သူMr. Peter Jensen ဦးဆောင်သောအဖွဲ့နှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီမြင့် ဦးဆောင်သော ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများသည် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ တိုးတက်မှုအခြေအနေများနှင့် EITI အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုအခြေအနေတို့နှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ရုံးအမှတ်(၂၆)၊အစည်းအဝေးခန်းမတွင်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
၂၀၁၈ ခုနှစ်မတ်လ ၅ ရက်နေ့နံနက် (၁၁:၀၀)နာရီတွင် Asia Development Bank (ADB)မှ Principal Social Development Specialist ဖြစ်သူ Ms. Sri Wening Handayani ဦးဆောင်သောအဖွဲ့နှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊
ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများဘတ်ဂျက်ဌာနခွဲ(၁)နှင့် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများဘတ်ဂျက်ဌာနခွဲ(၂) တို့မှ ညွှန်ကြားရေးမှူးများဦးဆောင်သော သက်ဆိုင်ရာ တာဝန်ရှိသူများသည် မြန်မာနိုင်ငံ၏လူမှုရေး ကဏ္ဍတွင်
