Date:

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ၁၉-၁၁-၂၀၂၄ ရက်နေ့ (၁၀:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင်  “လူငယ်နှင့် Social Media” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲအား ဌာနရှိ အရာထမ်း၊ အမှုထမ်း (၈၀) ဦး တက်ရောက်ခဲ့ကြပါသည်။

Date:

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ (၄-၁၁-၂၀၂၄) ရက်နေ့မှစ၍ စတင်ခန့်ထားသည့် ဒုတိယဦးစီးမှူးများ ကြိုဆိုမိတ်ဆက်ပွဲအခမ်းအနား အား (၁၄-၁၁-၂၀၂၄) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ရုံးအမှတ်(၃၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါကြိုဆိုမိတ်ဆက်ပွဲ အခမ်းအနားသို့ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ အသစ်ခန့်ထားသည့် ဒုတိယဦးစီးမှူးများ စုစုပေါင်း (၃၁) ဦး တက်ရောက်ခဲ့ကြပါသည်။

Date:

ဒုတိယဦးစီးမှူးရာထူး (၁၅)နေရာအတွက် ရေးဖြေစာမေးပွဲအောင်မြင်သူစာရင်းနှင့် လူတွေ့စစ်ဆေးမည့်ရက်အား အသိပေးကြေညာအပ်ပါသည်။

Date:

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၇) ကြိမ်မြောက် (ပုံမှန်) အစည်းအဝေး (၃/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်

Date:

နေပြည်တော်၊ စက်တင်ဘာ ၅

          ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ဌာနတွင်းအရာထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ မွမ်းမံသင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ၅-၉-၂၀၂၄ ရက်နေ့ (၁၄း၀၀) နာရီ အချိန်တွင် ရုံးအမှတ် (၃၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင် တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ ပါသည်။

Date:

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးရာထူး (၁၅)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်အား အသိပေးကြေညာခြင်း