၂၀၁၈ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် The Asia Foundation မှ Manager ဖြစ်သူ Mrs. Jane Sail သည် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီမြင့် ဦးဆောင်သော သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ PFM Academy နှင့်စပ်လျဉ်း၍ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော် လုပ်ဆောင်နေမှုများ၊ ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြသည့် ဆွေးနွေးပွဲအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆)၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
April 2018 Archives
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့မှ IMF, FAD Mission အဖွဲ့သည်၂၀၁၈ခုနှစ်၊မတ်လ၇ရက်နေ့မှ၂၀ရက်နေ့ထိလာရောက်၍မြန်မာနိုင်ငံ၏ငွေလုံးငွေရင်းနှင့်ပတ်သက်သည့်စီမံကိန်းများရေးဆွဲခြင်းနှင့်ဘတ်ဂျက်ရေးဆွဲခြင်းတို့အကြားချိတ်ဆက်မှုအားကောင်းလာစေရန်အတွက်နည်းပညာအကူအညီပေးနိုင်ရေးရည်ရွယ်၍ဆောင်ရွက်ရန်ဖြစ်ပါသည်။ယင်းမစ်ရှင်လာရောက်စဉ်အတွင်းစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနတို့နှင့်လည်းကောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိစီမံကိန်းရေးဆွဲရေးဦးစီးဌာန၊စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊နိုင
