June 2018 Archives
၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် GFS TA Mission မှ Mr. Kanada နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီမြင့် ဦးဆောင်သော တာဝန်ရှိသူများသည် ၂၈-၅-၂၀၁၈ ရက်နေ့မှ ၃၀-၅-၂၀၁၈ ရက်နေ့အထိ လာရောက်ခဲ့သည့် IMF Staff Visit Mission တွင် တွေ့ဆုံဆွေးနွေးခဲ့သည့် အချက်အလက်များအပေါ် လိုအပ်သည်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ရုံးအမှတ် (၂၆)၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ PFM Supporting Room ၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။
၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၈ ရက်၊ နေ့လည် (၁၁: ၄၀) နာရီ အချိန်တွင် Chemonics မှ Director ဖြစ်သူ Anne Spell Meyer ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့နှင့် USAID ၏ မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အထောက်အကူပြုမည့် အစီအစဉ်တစ်ရပ်ဖြစ်သည့် (Economic Restructuring Activity) ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီမြင့် ဦးဆောင်သော တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရုံးအမှတ်(၂၆)၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ PFM Supporting Team Room ၌ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါသည်။
The Republic of the Union of Myanmar
Request for Expression of Interest
Consultancy Services for producing the 4th Myanmar EITI report
Assignment Title: Myanmar EITI Independent Administrator
Reference No. (as per Procurement Plan): C-21

Terms of Reference
Independent Administrator for the 4th EITI Report, Myanmar
မြန်မာနိုင်ငံ၏ ခေတ်မီလုံခြုံရေးစက်ပစ္စည်းနှင့် နည်းပညာကဏ္ဍတွင် အသုံးပြုသော ရသုံးမှန်းခြေငွေစာရင်းနှင့် စပ်လျဉ်း၍ Pricewaterhouse Coopers Myanmar Co., Ltd မှ ကိုယ်စားလှယ်များအား ၂၀၁၈ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ရုံးအမှတ်(၂၆)၊ ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာန၊ PFM Supporting Room ၌ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော တာဝန်ရှိသူများမှ လက်ခံတွေ့ဆုံ ခဲ့ကြပါသည်။
Reference No. (as per Procurement Plan): C-17
၂၀၁၈ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့မှ 2018 IMF Staff Visit Mission အဖွဲ့နှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီမြင့် ဦးဆောင်သော အဖွဲ့များသည် ဘဏ္ဍာရေးကဏ္ဍနှင့် သက်ဆိုင်သည့် GFS Data များ၏ အခြေအနေ၊ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်၏ ရသုံးမှန်းခြေငွေစာရင်း၊ ဘတ်ဂျက်အသွင် ကူးပြောင်းမှုနှင့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် လစာများ တိုးမြှင့် ပေးခြင်းတို့ နှင့်စပ်လျဉ်း၍ ၂၈-၅-၂၀၁၈ ရက်နေ့တွင် ရုံးအမှတ်(၂၆) ၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ PFM Supporting Team Room၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
၂၀၁၈ ခုနှစ်၊ မေလ ၂၂ ရက်နေ့ နံနက် ၉:၀၀ နာရီအချိန်တွင် AMRO Mission မှ Dr.Lee Jae Yaung ဦးဆောင်သောအဖွဲ့သည် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်း ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံပြီး ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် နှင့် ၂၀၁၈ ခုနစ် ၆ လ ဘတ်ဂျက်တို့အတွက် သိရှိလိုသည့် data များအား မေးမြန်းခြင်း၊ Financing နှင့် Dificit ကွာခြားမှုများနှင့် SEE Reform ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရုံးအမှတ်(၂၆ )၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ PFM Supporting Room ၌ဆွေးနွေးခဲ့ကြပါသည်။
