၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့၊ နံနက် ၁၁: ၀၀ နာရီမှ ၁၂:၀၀ နာရီ အချိန်အထိ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ရုံးအမှတ် (၂၆) ၊ PFM Support Team Room တွင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်း ဦးဆောင်သော အဖွဲ့ သည် World Bank Mission အဖွဲ့နှင့် တွေ့ဆုံ၍ နိုင်ငံတော်၏ ရငွေနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ ရငွေဆိုင်ရာ မူဝါဒများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(M-MPFMp) အား အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ လာရောက်လျက်ရှိသော ကမ္ဘာ့ဘဏ်၏ Project Implementation Support Mission အား ၈-၈-၂၀၁၈ ရက်နေ့ မွန်းလွဲ ၃:ဝဝ နာရီအချိန်မှ ၅:၃ဝ နာရီအချိန်အထိ ရုံးအမှတ် (၂၆)၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ PFM Supporting room ၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များမှ လက်ခံတွေ့ဆုံ၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ ပါသည်။

US-Department of the Treasury Office of the Technical Assistance - US OTA Mission အဖွဲ့သည် ရသုံးမှန်းခြေငွေစာရင်းဌာနနှင့် ပူးပေါင်း၍ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်း များ၏ လုပ်ငန်းစွမ်းဆောင်ရည်အား စောင့်ကြည့်ကြပ်မတ်သည့် လမ်းညွှန်လက်စွဲ စာအုပ် (SEE Performance Monitoring Manual) ရေးဆွဲခြင်း လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခု အခါ US-OTA Mission မှ  Advisor ဖြစ်သူ Mrs. Marcia Sue Maurer သည် ၂၀၁၈ ခုနှစ်၊ သြဂုတ် လ ၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသို့ နဝမအကြိမ်မြောက် လာရောက်ပြီး ဆွေးနွေးမှုများ ပြုလုပ် လျက်ရှိပါသည်။