UN Women Myanmar၊ Head of Office မှ Mrs Smriti Aryal နှင့် လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွန်ကြားရေးမှူးတို့အား ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းဦးဆောင်သော တာဝန်ရှိသူများမှ ၁၉-၉-၂၀၁၈ ရက်နေ့ နံနက် (၁၀:၁၅) နာရီမှ (၁၁:၀၀) နာရီအထိ ရုံးအမှတ် (၂၆) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ PFM Supporting အစည်း အဝေးခန်း၌ လက်ခံတွေ့ဆုံပြီး အာဆီယံနိုင်ငံများတွင် Gender Responsibility အခန်းကဏ္ဍများ နှင့် Gender Budgeting ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်မှ Mr.Arvind နှင့် Mr. Thanapat တို့ ပူးပေါင်း၍ ၄-၉-၂၀၁၈ ရက်နေ့မှ ၆-၉-၂၀၁၈ ရက်နေ့အထိ ရုံးအမှတ် (၂၆)၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Budget Analysis Mission ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

၃၁-၈-၂၀၁၈ ရက်နေ့တွင် ဖွင့်လှစ်သော မွန်ပြည်နယ်၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ RC(၃)ထပ်ရုံးသစ်ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ မွန်ပြည်နယ် လွှတ်တော်ဒု-ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်၊ ပြည်နယ်အစိုးအဖွဲ့ဝင်ဝန်ကြီးများ မွန်ပြည်နယ်ဥပဒေချုပ်၊ မွန်ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်း၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ရသုံးမှန်းခြေငွ

စတုတ္ထအကြိမ်မြောက် Electronic Budget Submission Workshop ဖွင့်ပွဲအခမ်းအနား ကို ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရုံးအမှတ် (၃၄)၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နွဲ့နွဲ့ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကမ္ဘာ့ဘဏ်မှ Senior Economist ဖြစ်သူ Mr.Massimo နှင့် အကြံပေး Ms.Khin Thet Swe တို့မှ သင်တန်းတွင် ပို့ချ မည့်အကြောင်းအရာများ၊ သင်တန်းကျင်းပရသည့် ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်

မြန်မာနိုင်ငံ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအောက်တွင် PFM Academy သင်တန်းကျောင်း တည်ထောင်ရေးဆိုင်ရာ Curriculum သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်းနှင့် Training packages များပြင်ဆင်ခြင်းတို့နှင့်စပ်လျဉ်း၍ ၂၇-၈-၂၀၁၈ ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း ဦးဆောင်သော PFM Academy ဦးဆောင်စိစစ်ရေးဘုတ်အဖွဲ့နှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရီရီမြင့်ဦးဆောင်သည့် စီမံကိန်း၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (Skill Development Committee) အဖွဲ့ဝင်များသည် Firm ACCA နှင့် တွေ့ဆုံဆွ