ကမ္ဘာ့ဘဏ်မှ Economist ဖြစ်သူ Mr.Thanapat Reungsri သည် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ၊ ဌာနခွဲများဖြစ်သောဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ ဘတ်ဂျက် ဌာနခွဲ-၁၊ ဝန်ကြီးဌာနများ၊ဦးစီးဌာနများ၊ ဘတ်ဂျက်ဌာနခွဲ-၂၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်း များ ဘတ်ဂျက်ဌာနခွဲ၊ ဝန်ထမ်းစည်းမျဉ်း/ဘဏ္ဍာရေးစည်းမျဉ်းဌာနခွဲ၊ တိုင်းဒေသကြီး/ ပြည်နယ် ဘတ်ဂျက်ဌာနခွဲ၊ ဘဏ္ဍာရေးမူဝါဒ၊ မဟာဗျူဟာနှင့်တွင်းထွက်သယံဇာတအရင်းအမြစ်တူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးဌာနခွဲ၊ လေ့ကျင့်ရေး၊ သုတေသနနှင့် သတင်းအချက်အလက်နည်းပညာဌာနခွဲ၊ စီမံရေးရာနှင့် ငွေစာရင်းဌာနခွဲနှင့်နိုင်ငံခြာ
August 2019 Archives
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ဒုတိယညွန်ကြားရေး မှူးချုပ် ဒေါ်ရီရီမြင့် ဦးဆောင်သော တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဂျပန်နိုင်ငံ University of Tokyo မှ Project Assistant professor ဖြစ်သူ Kensuke YAMAGUCHI ဦးဆောင်သော တာဝန်ရှိ ပုဂ္ဂိုလ် များသည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ရုံးအမှတ် (၂၆) ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ကျေးလက်ဒေသလျှပ်စစ်မီး ရရှိရေး စီမံကိန်း အတွက်ဘဏ္ဍာငွေအရအသုံးစာရင်း တင်ပြမှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ ပါသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး များ ဦးဆောင်သော တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကမ္ဘာ့ဘဏ်မှ Mr. Zubair Khurshid Bhatti သည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ရုံးအမှတ် (၂၆) ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများမှ သာမန်အသုံးစရိတ် ဘတ်ဂျက်တင်သွင်းသည့် ပုံစံအား web-based data entry စနစ်ဖြင့် ဆောင်ရွက်နိုင်ရေး လာရောက်ဆွေးနွေး လက်တွေ့ ပြသခဲ့ပါသည်။
အစိုးရဌာန၊အဖွဲ့အစည်းများ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ခိုင်မာအားကောင်းလာစေရန် အတွက် Budget Restructuring and Analysis Tools အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့တွင် Kempinski Hotel ၊ နေပြည်တော်၌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်ရှိ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန နှင့် IMF, Fiscal Affairs Department , CDOT တို့မှ ပူးပေါင်းကျင်းပခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့ဘဏ္ဍာရေးစီ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အစိုးရဌာန၊ အဖွဲ့အစည်းများ၏ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု ပိုမိုအားကောင်းလာစေရန်အတွက် ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာန အောက်ရှိ Policy Research Institute (PRI) နှင့် ပူးပေါင်း၍ “2nd Seminar on Public Expenditure Management” ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ရုံးအမှတ် (၃၄) ၌ ကျင်းပပြုလုပ်ခဲ့ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ seminar သို့ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုခေတ်မီဖွံ့ဖြိ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စီမံကိန်း စိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီး ဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် Oxford Policy Management (OPM) အဖွဲ့တို့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့ ၊ နံနက်(၁၁း၀၀) နာရီတွင် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၊ အစည်းအဝေးခန်းမ၊ ရုံးအမှတ်(၂၆) ၌ Financial Debottleneking Analysis နှင့် PFM Road ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ Consultation 2 အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ပညာရေးဝန်က
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်သော သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းအသီးသီးမှ အကြီးအကဲများဖြင့် ဖွဲ့စည်းထားသည့် အစိုးရအသုံး စရိတ်နှင့် ဘဏ္ဍာရေး တာဝန်ယူမှုဆိုင်ရာ ဦးဆောင်ကော်မတီ (PEFA Steering Committee) အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ ၊ နေ့လယ် (၂:၀၀) နာရီ မှ (၄:၃၀) နာရီ အထိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမ၊ ရုံးအမှတ်(၂၆) ၌ ကျင်းပခဲ့ပါ သည်။ အဆိုပါ အစည်းအဝေးတွင် ဒုတိယအကြိမ် အစိုးရအသုံးစရိတ် နှင့်ဘဏ္ဍာရေး တာဝန်ယူမှု ဆိုင်ရာ အကဲဖြတ်သုံးသ
