မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Myanmar Sustainable Development Plan-MSDP) ၏ မဏ္ဍိုင်(၁)၊ ပန်းတိုင် (၂)၊ မဟာဗျူဟာ (၂.၁) မှ (၂.၅) ထိ Action Plan များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် မေခရိုစီးပွားရေး စီမံခန့်ခွဲမှုကဏ္ဍဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Macroeconomic Management Sector Coordination Group- MMSCG) ၏ လုပ်ငန်းဆောင်ရွက်တိုးတက်မှု အခြေအနေများနှင့် စပ်လျဉ်း ၍ ပဉ္စမအကြိမ်မြောက်အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် Park Royal Hotel ၊ နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးအား မေခရိုစီးပွားရေး စီမံခန့

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦစီးဌာန ၊ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါ်ရီရီမြင့် ဦးဆောင်သော တာဝန်ရှိပုဂ္ဂိုလ်များနှင့် UNICEF မှ Social Policy Specialist များ ဖြစ်သော Mr. Alberto Musatti နှင့် ဒေါ်စမ်းစမ်းအေး တို့သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ( ၁၁  ) ရက်နေ့ ၊ နေ့လယ် (၁း၀၀) နာရီအချိန်တွင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ရုံးအမှတ် (၂၆) ၌ UNICEF၏ မြန်မာနိုင်ငံ၏ ကလေးဗဟိုပြုပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု စီမံချက်များနှင့် ပတ်သက် သည့် concept note နှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ရသုံးမှန်းခြေငွေစာရင်းဦစီးဌာန၏ Mini Data Center Core Team တွင် တာဝန်ချထားသည့် အမှုထမ်းအသစ် (၉) ဦးအား လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် Senior ဝန်ထမ်းများမှ Mini Data Center နှင့် စပ်လျဉ်း၍ လက်ဆင့်ကမ်းလေ့ကျင့်သင်ကြားပေးခြင်းကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၂ ရက် နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်စမ်းသီတာ ဦးဆောင်သော တာဝန်ရှိပုဂ္ဂိုလ်များနှင့် EU မှ Public Finance Management Expert ဖြစ်သူ Ms.Sylvie Zaitra တို့သည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ရုံးအမှတ် (၂၆) ၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။အဆိုပါ ဆွေးနွေးပွဲတွင်ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ နှင့် စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ  Nutrition Sector အတွက် ပံ့ပိုးကူညီမှု အစီ