ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲ အခမ်းအနားကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့ ဉက္ကဋ္ဌ ဦးမောင်မောင်ဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ( Myanmar Sustainable Development Plan – MSDP ) ၏ မဏ္ဍိုင် (၁)၊ ပန်းတိုင် (၂)၊ မဟာဗျူဟာ (၅) ရပ်၏ Action Plan များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် မေခရိုစီးပွားရေး စီမံခန့်ခွဲမှု ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့( Macroeconomic Management Sector Coordination Group – MMSCG) ၏ လုပ်ငန်းဆောင်ရွက်တိုးတက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် Park Poyal Hotel ၊ နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးအား မေခရိုစီးပွားရေးစီမံခန်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်း ဦးဆောင်သော တာဝန်ရှိပုဂ္ဂိုလ်များနှင့်  IMF SEE  မစ်ရှင် တို့သည် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ထိန်းကျောင်းမှုများနှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ရုံးအမှတ် (၂၆)၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။အဆိုပါဆွေးနွေးပွဲတွင် IMF SEE မစ်ရှင်မှ မြန်မာနိုင်ငံ ရှိ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများကိုလေ့လာခဲ့သည့် ကနဦးတွေ့ရှိချက်များကို တင်ပြခဲ့ပြီး နိုင်ငံတော်ပိုင်စီးပွားရေးအဖ

IMF SEE  မစ်ရှင်သည်  နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးရှုမြင် သုံးသပ် ချက်များ ခိုင်မာစေရေးအတွက် Capacity Development (CD) ထောက်ပံ့ပေးရန်  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်း၍ State Economic Enterprises Workshop အား ၂၀၂၀ ပြည့်နှစ်၊ ဖေေဖာ်ဝါရီလ ၄ ရက်နေ့တွင် နေပြည်တော် ၊ Kempinski Hotel ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ သာမန်အသုံးစရိတ်များနှင့် ပတ်သက်၍ လည်းကောင်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန မှ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့