ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း (PFM Academy) နှင့် မြန်မာဖွံ့ဖြိုးမှု အဖွဲ့အစည်း (MDI) တို့ ပူးပေါင်း၍ Policy Analysis သင်တန်းကို ၂၀၂၀ ပြည့်နှစ် ၊ ဇူလိုင်လ ၂၇ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ (၅) ရက်တာသင်တန်းအား  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်း ကျောင်း၌ ပို့ချသင်ကြားမည်ဖြစ်၍ သင်တန်းပထမရက်နေ့ ၂၇-၇-၂၀၂၀ ရက်နေ့တွင် ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါ်သိင်္ဂီဦးမှလည်းကောင်း၊ သင်တန်း ပို့ချမည့် ဆရာမဒေါ်ခင်မမမျိုး၊ ညွှန်ကြားရေးမှူး၊ မြန်မာဖွံ့ဖြိုးမှုအ

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့ (တနင်္လာနေ့) (၁၃၃၀) နာရီအချိန်တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။

၁၇-၆-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၀) အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် စပ်လျဉ်းသော Module-3: Accounting and Audit ဘာသာရပ်အား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ကူညီသင်ကြားပို့ချပေးရေးအတွက် သင်ရိုးညွှန်းတမ်းပြင်ဆင်ရေးဆွဲနိုင်ရန် အကြိုညှိနှိုင်းအစည်းအဝေးကို ၂၆-၆-၂၀၂၀ ရက်နေ့၊ မွန်းလွဲ ၂:၀၀ နာရီအချိန်တွင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေး၌ ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်စီစီချိန် ဦးဆေ