စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံ၏ အာမခံစျေးကွက် ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်၊ အာမခံဝယ်ယူသူပြည်သူများနှင့်  အာမခံကုမ္ပဏီများ၏ အခက်အခဲပြဿနာများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်၊ မြန်မာနိုင်ငံ၏ အာမခံကဏ္ဍအား အပြည့်ပြိုင်စျေးကွက်အဖြစ် တည်ဆောက် ဖန်တီးသွားနိုင်ရေးနှင့် မြန်မာနိုင်ငံအာမခံကဏ္ဍအတွင်း စျေးကွက်ရှယ်ယာများအား တစ်ဦးတည်း အုပ်စိုးနိုင်မှုမရှိစေရေး၊ ပြည်တွင်း ပြည်ပ အာမခံကုမ္ပဏီများအားလုံး အချိုးညီညီ ပိုင်ဆိုင်နိုင်စေ ရေး၊ အာမခံအမျိုးအစား စုံလင်စွာရရှိနိုင်စေရေး၊ မြန်မာနိုင်ငံ အာမခံကဏ္ဍအတွင်း လွယ်ကူစွ

မြန်မာနိုင်ငံအာမခံလုပ်ငန်းကဏ္ဍ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်နှင့် အာမခံ လုပ်ငန်းကဏ္ဍ လွတ်လပ်ခွင့်ပြုရေး လုပ်ငန်းစဉ်တို့အပေါ် နိုင်ငံသားပိုင်အာမခံကုမ္ပဏီများနှင့် နိုင်ငံခြား အာမခံကိုယ်စားလှယ်ရုံးများ၏ လိုအပ်ချက်များ၊သဘောထားမှတ်ချက်များ၊ ပူးပေါင်းပါဝင် ဆောင်ရွက် ပေးစေလိုသည့် အချက်များကို ဆွေးနွေး ညှိနှိုင်းသွားကြရန် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီး ဌာနမှ ဦးဆောင်၍ ကမ္ဘာ့ဘဏ်အဖွဲ့၏ အကူအညီဖြင့် ၁၈-၁၀-၂၀၁၆ ရက်နေ့(အင်္ဂါနေ့) တွင် ၁၀:၀၀ နာရီ မှ ၁၅:၀၀နာရီ  အထိ  နိုင်ငံသားပိုင် ပြည်တွင်း ပုဂ္ဂလိကအာမခံ ကုမ္ပဏီများနှင့်လည်းကောင်း၊    ၁၉-၁၀-၂၀၁၆ ရက်နေ့ (ဗုဒ္ဓဟူးနေ့