ပြည်သူများအကြား ငွေကြေးဝန်ဆောင်မှုထုတ်ကုန်များ၊စုဆောင်းငွေများ စုဆောင်း တတ်စေ ရေး၊ ချေးငွေပြန်လည်ပေးဆပ်ရေး၊ ဝင်ငွေထွက်ငွေများ မျှတစွာသုံးစွဲနိုင်ရေးအတွက် ငွေကြေး အသိ ပညာပေးစာစောင် Pamphlet များဖြန့်ဝေခြင်းအခမ်းအနားကို UNOPS (LIFT Fund) နှင့် ပူးပေါင်း၍ ၁၂-၈-၂၀၁၆ ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၄)၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ အနက် Insurance , State Own Bank နှင့် Microfinance အကြောင်း သိကောင်းစရာများကို Sky-net Media  နှင့် တွေ့ဆုံမေးမြန်းခန်းအား ၁၇-၂-၂၀၁၇  ရက်နေ့တွင်ဆောင်ရွက်ခဲ့ပါသည်။ 

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ရက်(၁၀၀) အတွင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များအနက် Financial  Inclusion နှင့် Microfinance အကြောင်း သိကောင်းစရာများကို Sky-net Media ၊ မြန်မာ့ရုပ်မြင်သံကြားမှ Media များနှင့် တွေ့ဆုံ မေးမြန်းခန်း အား ၁၂-၈-၂၀၁၆ ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။