၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ငွေကြေး ခဝါချမှုနှင့်အကြမ်းဖက်မှုကို
ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး သင်တန်းကို မြန်မာနိုင်ငံငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (MFIU) ၊
အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန (BSI) တို့နှင့် ပူးပေါင်း၍ ၆-၁၀-၂၀၂၂ ရက်နေ့ နံနက် ၁၀း၀၀ နာရီမှ နေ့လည် ၁၄း၃၀ နာရီထိ
Online မှတစ်ဆင့် Virtual Training ကျင်းပပြုလုပ်ခဲ့ပါသည်။
