စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ၁၉-၁၁-၂၀၂၄ ရက်နေ့ (၁၀:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် “လူငယ်နှင့် Social Media” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲအား ဌာနရှိ အရာထမ်း၊ အမှုထမ်း (၈၀) ဦး တက်ရောက်ခဲ့ကြပါသည်။
November 2024 Archives
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ (၄-၁၁-၂၀၂၄) ရက်နေ့မှစ၍ စတင်ခန့်ထားသည့် ဒုတိယဦးစီးမှူးများ ကြိုဆိုမိတ်ဆက်ပွဲအခမ်းအနား အား (၁၄-၁၁-၂၀၂၄) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ရုံးအမှတ်(၃၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါကြိုဆိုမိတ်ဆက်ပွဲ အခမ်းအနားသို့ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ အသစ်ခန့်ထားသည့် ဒုတိယဦးစီးမှူးများ စုစုပေါင်း (၃၁) ဦး တက်ရောက်ခဲ့ကြပါသည်။
