အသိပေးကြေညာချက်

( ၂၁.၈.၂၀၂၀ ရက်၊ ရန်ကုန် )

     စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၏ အငယ်တန်းစာရေးရာထူး နှင့် ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးများအတွက် ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများစာရင်းအား မြန်မာ့အာမခံလုပ်ငန်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ၂၀-၈-၂၀၂၀ ရက်နေ့ နေ့လည် ၁း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအတွင်း မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်တွင် စတင်ထုတ်ယူနိုင်မည် ဖြစ်ပါသည်။ ၂၁-၈-၂၀၂၀ ရက်နေ့တွင် နံနက် ၁၀း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီအတွင်း လာရောက်ထုတ်ယူနိုင်ပါသည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းယူဆောင်၍ ဖြေဆိုမည့်သူကိုယ်

မြန်မာ့အာမခံလုပ်ငန်း၊ ရှမ်းပြည်နယ်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၁၄-၆-၂၀၂၀) ရက် နေ့ နံနက်(၉:၀၀) နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်မြို့၊ တောင်လေးလုံး အမှတ်(၄) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းတွင် ပြုလုပ်ရာ အရာထမ်း/သင်တန်းသားအင်အား(၂၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ပြည်နယ်တာဝန်ခံမှ နိုင်ငံဝန်ထမ်းအသက်အာမခံ(ကာလတို)၊ တောင်သူလယ်သမားအသက်အာမခံ၊ Covid-19 ပါကျန်းမာရေးအာမခံ၊ နှစ်တိုငွေပင်ငွေရင်း အာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံလုပ်ငန်း၊ မီးအာမခံလုပ်ငန်းနှင့် ခရီးသွားအာမခံလုပ်ငန်း များနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ပါသည်။

မြန်မာ့အာမခံလုပ်ငန်း၊ မိတ္ထီလာခရိုင်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲနှင့် တောင်သူလယ်သမားအသက်အာမခံရောင်းချခြင်းလုပ်ငန်းကို (၆-၆-၂၀၂၀) ရက် နေ့ နံနက်(၁၀:၀၀) နာရီတွင် မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ မြို့နယ်မိုးလုံလေလုံအားကစား ခန်းမတွင်ပြုလုပ်ရာ ကျေးရွာအုပ်စုများမှ ပြည်သူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ ပါသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ အာမခံအကြောင်း ရှင်းလင်းပြောကြားပြီး တောင်သူ လယ်သမားအသက်အာမခံအကြောင်း ရှင်းလင်းခဲ့ပါသည်။