အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ် မေလ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြည်ထောင်စုလွှတ်တော် လွှတ်တော်ဝင်း သဘင်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ(၁)၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီ ဥက္ကဌနှင့် ကော်မတီအတွင်းရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်နှင့် တာ

နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သင်တန်းခန်းမတွင် မြို့နယ် အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၆၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ ၂၁-၅-၂၀၁၈ ရက်နေ့ နံနက် ၀၈း၀၀ နာရီ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းဖွင့်ပွဲအမှာစကား ပြောကြားခဲ့ပြီး သင်တန်းကာလမှာ ၂၁-၅-၂၀၁၈ ရက်နေ့မှ ၂၀-၇-၂၀၁၈ ရက်နေ့အထိဖြစ်ကာ တက်ရောက်မည့် သင်တန်းသားဦးရေ (၈၀)ဦးဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့မှ Ms. Margaret Cotton ဦးဆောင်သောအဖွဲ့သည် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များအား ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် နည်းပညာအကူအညီများပေးရန် ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်(အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး)တို့အား ၈-၅-၂၀၁၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

NOTICE FOR FILING RETURN, ANNUAL SALARY RETURN AND FURNISHING COMMERCIAL TAX ANNUAL RETURN

MINISTRY OF PLANNING AND FINANCE

INTERNAL REVENUE DEPARTMENT

NOTICE FOR FILING RETURN, ANNUAL SALARY RETURN AND FURNISHING COMMERCIAL TAX ANNUAL RETURN

 

1.       Filing Return of Income

အခွန်တံဆိပ်ခေါင်းဝယ်ယူမှုနှင့်စပ်လျဉ်း၍ အများပြည်သူများသိစေရန် ထပ်မံအသိပေးကြေညာခြင်း