နေပြည်တော် နိုဝင်ဘာလ ၅
နေပြည်တော်၊ Hilton Hotel တွင် ၅-၁၁-၂၀၁၈ ရက်နေ့ နံနက် ၉:၀၀ နာရီ၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့(IMF)တို့ ဦးဆောင်၍ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေဖြည့်ဆည်းခြင်း၊ အခွန်ဘဏ္ဍာဆိုင်ရာ ကာလလတ် မဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
