စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များအပေါ်ဝင်ငွေခွန် ပေးဆောင်ခြင်းနှင့် ပတ်သက်၍ အသိပေးကြေညာချက်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များအပေါ်ဝင်ငွေခွန် ပေးဆောင်ခြင်းနှင့် ပတ်သက်၍ အသိပေးကြေညာချက်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
အောင်ဘာလေသိန်းဆုဌာနခွဲ
ကြေညာချက်
(ရက်စွဲ၊ ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ ၂၆ ရက်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
အငယ်တန်းစာရေး၊ စစ်ဆေးရေးမှူး-၄၊ ယာဉ်မောင်း-၅၊ ရုံးအကူ/စာပို့၊ လုပ်သား(လုံခြုံရေး)၊ သန့်ရှင်းရေးအကူနှင့် အစောင့်ရာထူးနေရာများအတွက် ရွေးချယ်ခံရသူများစာရင်းထုတ်ပြန်ခြင်း
( ၁၃၈၀ ပြည့်နှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် )
နေပြည်တော် ဇန်နဝါရီလ ၁၈
ပြည်ထောင်စု၏ အခွန်ဘဏ္ဍာငွေ တိုးတက်ရရှိရေးအထောက်အကူပြုဦးစီးကော်မတီ အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် ၂၆၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင်၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
နေပြည်တော် ဇန်နဝါရီ ၁၆
ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၁၃၆၉.၉၅၈ ဘီလီယံဖြစ်သဖြင့် လျာထားချက်၏ ၂၂.၁၀%ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၂၈၇.၈၃၈ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၅၃၇ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၁၀၈၁.၅၈၃ ဘီလီယံပါဝင်ကြောင်း သိရှိရပါသည်။
ပြည်တွင်းအခွန်များဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ခေတ်မီနည်းပညာအသုံးချ ဘက်စုံလွှမ်းခြုံသော အခွန်စီမံခန့်ခွဲမှုစနစ်- Integrated Tax Administration System (ITAS စနစ်) တွင်ပါဝင်သည့် လုပ်ဆောင်ချက်များ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်ကိစ္စရပ်များ နှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကို ၁၀-၁-၂၀၁၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ရန်ကုန်မြို့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
နေပြည်တော် ဇန်နဝါရီ ၁၁
နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သင်တန်းခန်းမတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၆၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ၁၁-၁-၂၀၁၉ ရက်နေ့ နံနက် ၀၉း၀၀ နာရီအချိန်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဌာနအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား / သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။