နေပြည်တော်  မတ်  ၁၈

   ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၂၂၃၇.၅၁၅ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၃၆.၀၉%ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၄၅၉.၆၆၀ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၈၇၄ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၁၇၇၆.၉၈၁ ဘီလီယံပါဝင်ကြောင်း သိရှိရပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

သတင်းကြေညာချက်

(၂၀၁၉   ခုနှစ်၊ မတ်လ   ၈   ရက်)

၁။  (၂) ကြိမ်မြောက် ကျပ် ၁၀၀၀ တန်အောင်ဘာလေထီနှင့် (၂၅) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီများကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ စတင်ရောင်းချလျက်ရှိပါသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များ ဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(၂၀၁၉ ခုနှစ် မတ်လ ၁ ရက် )

၁။    ဧပြီလ (၁) ရက်နေ့တွင် ထီဖွင့်ပွဲပြုလုပ်ပေးမည့် (၂) ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေထီလက်မှတ် နမူနာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်−