စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်)

၁။   ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ကျင်းပမည့် (၃) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် "က" အက္ခရာမှ "ကဃ" အက္ခရာထိ စုစုပေါင်းအက္ခရာ (၃၇) လုံး၊ ထီစာအုပ် (၃၀၂၇၂၆၆) အုပ်အား ရောင်းချပေးခဲ့ပါသည်။

နေပြည်တော် ဧပြီ ၂၉

  ပြည်တွင်းအခွန်များဦးစီးဌာန၊ နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ (Technical Review Committee TRC) ၏ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် ၄၆ ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၉-၄-၂၀၁၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

နေပြည်တော် ဧပြီ ၂၉

   ပြည်တွင်းအခွန်များဦးစီးဌာန ၊ ရုံးအမှတ် ၄၆ ၊ နေပြည်တော်၌ ၂၉-၄-၂၀၁၉ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၆၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ကိုယ်စား ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတက်ရောက်၍ သင်တန်းဖွင့်ပွဲအမှာစကားပြောကြားခဲ့ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

(၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၃ ရက်)

ကြိုတင်ဝင်ငွေခွန် ကောက်ခံခြင်းနှင့်စပ်လျဉ်းသည့် အသိပေးကြေညာချက်

နေပြည်တော် ဧပြီ ၄

   နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Call Room တွင် ၄-၄-၂၀၁၉ ရက်နေ့ မွန်းလွဲ ၁၅:၄၅ နာရီ၌ ရန်ကုန်မြို့ရှိ ချက်သမ္မတနိုင်ငံသံရုံး၏ Commercial Counselor အသစ်ဖြစ်သူ Mr. Kamil Pikal နှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ ဦးစီးရုံးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးဂျွန်စိန်ဂီတို့တွေ့ဆုံ၍ ချက်သမ္မတနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ နည်းပညာအကူအညီပေးနိုင်ရေးနှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များ ဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်)

၁။    မေလ (၁) ရက်နေ့တွင် ထီဖွင့်ပွဲပြုလုပ်ပေးမည့် (၃) ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေထီလက်မှတ်နမူနာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်−