နေပြည်တော်  မေ  ၁၇

      ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဧပြီလကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၃၆၀၁.၇၂၁ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၅၈.၀၉%ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၇၀၅.၇၂၅ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၁.၂၆၄ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၂၈၉၄.၇၃၂ ဘီလီယံ ပါဝင်ကြောင်း သိရှိရပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

(၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက်)

တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည့် အချိန်ကာလနှင့်စပ်လျဉ်းသည့် အသိပေးကြေညာချက်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

၁-၆-၂၀၁၉ ရက်နေ့မှ စတင်ဆောင်ရွက်သွားမည့် လက်ကိုင်ဖုန်းဟန်းဆက် (Handset)နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်းအတွက် ကျသင့် ကုန်သွယ်လုပ်ငန်းခွန်မှ အခွန်ခုနှိမ်ပေးသွင်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းအသိပေးခြင်း

အခွန်ခုနှိမ်ပေးဆောင်ခွင့်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

(၂၀၁၉ ခုနှစ်၊ မေလ   ၁၀  ရက်)

ဝင်ငွေခွန်ကြေညာလွှာ/ လစာနှစ်ချုပ်ကြေညာလွှာ/ကုန်သွယ်လုပ်ငန်းခွန်နှစ်ချုပ်ကြေညာလွှာ တင်သွင်းရန် (ဒုတိယအကြိမ်)နှိုးဆော်ခြင်း

၁။      ဝင်ငွေကြေညာလွှာ

နေပြည်တော် မေ ၁၀

   နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၀၁၉ ခုနှစ်၊ မေလ ၁၀ ရက်နေ့ နံနက် ၁၁:၀၀ နာရီ၌ ပြည်တွင်းအခွန်များဦးစီးဌာနတွင် အသုံးပြုရန်လိုအပ်သည့် ကုန်စည်နှင့်ဝန်ဆောင်မှုအမျိုးအစားအလိုက် ကပ်နှိပ်အသုံးပြုရမည့် အခွန်အမှတ်တံဆိပ်များ ပြည်ပမှမှာကြားနိုင်ရေး တင်ဒါစီစစ်ရွေးချယ်ခြင်းလုပ်ငန်းအားဆောင်ရွက်နိုင်ရန်အတွက် တင်ဒါကော်မတီ၏ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ရာ တင်ဒါကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

သတင်းကြေညာချက်

(ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ မေလ ၉ ရက်)

၁။         (၄) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် ထီလက်မှတ်များကို "က" အက္ခရာ မှ အစဉ်လိုက် "ကည" အက္ခရာထိ (၄၃) လုံးအား ၂၀၁၉ ခုနှစ် ၊ မေလ (၁) ရက်နေ့မှ စတင်ရောင်းချလျက်ရှိပါသည်။

ရန်ကုန် မေ  ၃

  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းသည် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၄)သို့ ရောက်ရှိကြည့်ရှုစစ်ဆေးခဲ့ပါသည်။

နေပြည်တော် မေ ၇                                                                                                                                                                      &