နေပြည်တော် ဇွန်  ၂၈                                                                                                                                                                   

နေပြည်တော် ဇွန် ၂၈

   နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သင်တန်းခန်းမတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၆၉) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ၂၈-၆-၂၀၁၉ ရက်နေ့ နံနက် ၀၉း၀၀ နာရီအချိန်၌ ကျင်းပခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က သင်တန်းဆင်းပွဲအမှာစကား ပြောကြား၍ သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(၂၀၁၉  ခုနှစ်၊  ဇွန်   လ ၂၆    ရက်)

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

လက်ကိုင်ဖုန်းဟန်းဆက်(Handset)များအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချစေရေးကိစ္စ

နေပြည်တော် ဇွန် ၂၄

       ပြည်တွင်းအခွန်များဦးစီးဌာန၊ နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ (Technical Review Committee TRC) ၏ (၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် ၄၆ ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၄-၆-၂၀၁၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

နေပြည်တော်  ဇွန်  ၁၈

      ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မေလကုန်အထိ အခွန် အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၄၀၉၀.၇၀၉ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၆၅.၉၈%ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၇၈၀.၁၆၁ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၁.၃၈၆ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၃၃၀၉.၁၆၂ ဘီလီယံ ပါဝင်ကြောင်း သိရှိရပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

လက်ကိုင်ဖုန်းဟန်းဆက် (Handset) နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသည့် အရောင်းပြေစာအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်ကြောင်း သတင်းပေးတင်ပြပါက ဆုကြေးငွေချီးမြှင့်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း