စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်)

ရန်ကုန်၊ စက်တင်ဘာ ၂၃

       အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ IMF Legal Department မှ အကြံပေးများဖြစ်ကြသည့် Mr. Irving Aw နှင့် Ms. Usha Chandradas တို့သည် ၁၆-၉-၂၀၁၉ ရက်နေ့မှ ၂၇-၉-၂၀၁၉ ရက်နေ့အထိ မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း (၂၃-၉-၂၀၁၉ ရက်နေ့မှ ၂၅-၉-၂၀၁၉ ရက်နေ့အထိ) ရန်ကုန်မြို့ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးတွင် ပြည်တွင်းအခွန်များဦးစီးဌာန၏ ဥပဒေဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ရာ၊ ယနေ့ ၂၃-၉-၂၀၁၉ ရက်နေ့တွင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

နေပြည်တော်၊ စက်တင်ဘာလ ၁၇

       ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သြဂုတ်လကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှုစုစုပေါင်းမှာကျပ် ၅၈၄၁.၁၂၈ ဘီလီယံဖြစ်သဖြင့် လျာထားချက်၏ ၉၃.၆၃% ကိုအကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၁၁၆၉.၈၈၂ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၁.၆၀၄ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၄၆၆၉.၆၄၂ ဘီလီယံပါဝင်ကြောင်းသိရှိရပါသည်။

နေပြည်တော်၊ စက်တင်ဘာ ၁၃

  နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သင်တန်းခန်းမတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၇၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ၁၃-၉-၂၀၁၉ ရက်နေ့ နံနက် ၀၈း၃၀ နာရီအချိန်၌ ကျင်းပခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က သင်တန်းဆင်းပွဲအမှာစကားပြောကြား၍ သင်တန်းတွင်ထူးချွန်ဆုရရှိသူများအားဆုချီးမြှင့်ခြင်းနှင့်သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

 (၂၀၁၉ ခုနှစ်၊ စက်တင်ဘာ လ ၁ ရက်)

၁။      အောက်တိုဘာလ (၁) ရက်နေ့တွင် ထီဖွင့်ပွဲပြုလုပ်ပေးမည့် (၈) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီလက်မှတ်နမူနာမှာ အောက်ပါအတိုင်းဖြစ်ပါသည်-