နေပြည်တော် နိုဝင်ဘာလ ၂၈

          ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ် အောက်တိုဘာလကုန် အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၅၄၃.၄၉၅ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၈.၁၆% ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၆၇.၇၀၆ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၁၇၁ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၄၇၅.၆၁၈ ဘီလီယံ ပါဝင်ကြောင်း သိရှိရ ပါသည်။

နေပြည်တော် နိုဝင်ဘာ ၂၆

          နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၆-၁၁-၂၀၁၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ Myanmar Public Finance Management Project (MPFMp) ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် တိုးတက်မှုအခြေအနေကို ပြန်လည်သုံးသပ်ရန်နှင့် ကြိုတင်စီစဉ်ထားသော လုပ်ငန်းဆောင်ရွက်မှုများအားလုံး ပြီးမြောက်အောင်မြင်စေရေးတို့အတွက် ရည်ရွယ်၍ လာရောက်သည့် ကမ္ဘာ့ဘဏ်၏ MPFMp Implementation Support Mission နှင့် အစည်းအဝေးပြုလုပ်ခဲ့ပါသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက်

         အကောက်ခွန်ဦးစီးဌာန၏ Myanmar Automated Cargo Clearance System (MACCS) စနစ်မှရရှိသော အခွန်ထမ်းလုပ်ငန်းရှင်များ၏ ပို့ကုန်/သွင်းကုန်ဆိုင်ရာ သတင်း အချက်အလက်များကို အခွန်စည်းကြပ်ရာ တွင်လည်းကောင်း၊ အခွန်ထမ်းလိုက်နာမှုစိစစ်ရာ တွင်လည်းကောင်း၊ အခွန်စာရင်းစစ်ဆေးရာတွင်လည်းကောင်း၊ အခွန်စည်းကြပ်ခံယူနေသည့် အခွန်ရုံးအလိုက် မှီငြမ်း/ရယူအသုံးပြုနိုင်ရန်အတွက် ပြည်တွင်းအခွန်များဦးစီးဌာန၊ သတင်း အချက်အလက်နှင့်နည်းပညာဌာနခွဲ ၏ ပရိုဂရမ်မာဝန်ထမ်းများမှ IE Data Online System ကို ရေးဆွဲ၍ လွှင့်တင်ထားရှိပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အသိပေးကြေညာချက်

 

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ  ၂၆  ရက်)

 

နေပြည်တော် နိုဝင်ဘာ ၂၂

        နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၂-၁၁-၂၀၁၉ ရက်နေ့ နေ့လည် ၁၃:၃၀ နာရီအချိန်၌ ပြည်တွင်းအခွန်များဦးစီးဌာနတွင် အသုံးပြု ရန်လိုအပ်သည့် တံဆိပ်ခေါင်းများ၊ အခွန်အမှတ်တံဆိပ်များနှင့် ထီလက်မှတ်များ သယ်ယူရာ၌ ပြင်ပမော်တော်ယာဉ် ငှားရမ်းနိုင်ရေးနှင့်စပ်လျဉ်း၍ အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ရာ တင်ဒါကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

ဒုတိယဦးစီးမှူး (ဝင်ပေါက်) ရာထူးနေရာများအတွက်

ရွေးချယ်ခံရသူများစာရင်းထုတ်ပြန်ကြေညာခြင်း