၁။   ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ဥပဒေနှင့်အညီ အခွန်စည်းကြပ်မှုများဆောင်ရွက်ရာတွင် မှန်ကန်တိကျပြီး၊ မျှတသော အခွန်စည်းကြပ်မှုဖြစ်စေရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ နှင့်အညီ အခွန် တာဝန်ကျေပွန်စွာ ထမ်းဆောင် နေကြသော အခွန်ထမ်းပြည်သူများ၏ အခွင့်အရေးနှင့်ရပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရေးအတွက် အထူးအလေးပေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။