စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန

အခွန်ရှောင်ရှားခြင်း၊ အခွန်လျော့နည်းပေးဆောင်ခြင်း၊ အခွန်ဆိုင်ရာသတင်းအချက်အလက်များ လွဲမှားဖော်ပြခြင်းနှင့် အခွန်ရှောင်တိမ်းခြင်းတို့နှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်

နေပြည်တော်၊ နိုဝင်ဘာလ ၉ ရက်

     ပြည်တွင်းအခွန်များဦးစီးဌာန ဝန်ထမ်းများအား ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေများနှင့်စပ်လျဉ်းသည့် အခွန်ရှောင်တိမ်းမှုများကို ရှင်းလင်းဆွေးနွေး အသိပညာပေးခြင်းအစီအစဉ်အဖြစ် ၉-၁၁-၂၀၂၂ (ဗုဒ္ဓဟူးနေ့)၊ မွန်းလွဲ ၁၃:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ရုံးအမှတ်(၄၆)၊ အစည်းအဝေးခန်းမ၌ ပထမပိုင်းအဖြစ်လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁၅:၀၀ နာရီတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ သင်တန်း ခန်းမ၌ ဒုတိယပိုင်းအဖြစ်လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ခဲ့ကြသည်။

နေပြည်တော်၊ နိုဝင်ဘာ လ ၈ ရက်

     စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့၊ နံနက် (၉:၀၀) နာရီတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) ၌ ကျင်းပသည်။

နေပြည်တော်၊ အောက်တိုဘာလ ၃၁ ရက်

    အကျိုးအမြတ်မယူသော အဖွဲ့အစည်းများသို့ အခွန်ထမ်းမှတ်ပုံတင်အမှတ်(TIN) ထုတ်ပေးခြင်းနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းတို့နှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ၃၁-၁၀-၂၀၂၂ (တနင်္လာနေ့)၊ နေ့လယ် ၁၃:၀၀ နာရီတွင် ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမ၊ ရုံးအမှတ်(၄၆)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။