နေပြည်တော် ၊ မတ် ၂၄
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် ၂၄-၃-၂၀၂၃ ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင် မှုသင်တန်းအမှတ်စဉ် (၇၈) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။
