နေပြည်တော် ၊ မေ  ၁၉

   စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အလယ်အလတ်အဆင့် အရာထမ်းမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ၁၉-၅-၂၀၂၃ ရက်နေ့၊ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၄၆) ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမ ၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက် အမှာစကားပြောကြားသည်။

၁။   ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူများအား ပိုမိုထိရောက်ကောင်းမွန်သော အီလက်ထရောနစ်ဝန်ဆောင်မှုစနစ်များပေးနိုင်ရန် အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ၌ အခွန်ထမ်းမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များတွင် လွယ်ကူလျင်မြန် စေရန် ရည်ရွယ်လျက် အီလက်ထရောနစ် အခွန်ထမ်းမှတ်ပုံတင်စနစ် (e-Registration Management System) ကို အကောင်အထည်ဖော် ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။