မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် နှစ်စဉ်ချေးငွေအဖြစ် (မိုး၊ ဆောင်း၊ မိုးကြို) ချေးငွေများကို ထုတ်ချေးလျှက်ရှိရာ (၂၃.၃.၂၀၁၈)နေ့ထိ ၂၀၁၈-မိုးကြိုချေးငွေ (၁၀၄၉၇.၁၀) ကျပ်သန်း အား ထုတ်ချေးပြီးဖြစ်ပါသည်။
August 2017 Archives
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ(၁)မှ ဦးဆောင်၍ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် (၂၀-၇-၂၀၁၇)နေ့၌ ကျင်းပပြုလုပ်သော အဋ္ဌမ အကြိမ်မြောက် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် JICA အဖွဲ့ အစည်း၏ ကူညီမှုဖြင့် (Two Step Loan) ချေးငွေစတင်ထုတ်ချေးသည့် အခမ်းအနားကို ပြည်မြို့ “သရေခေတ္တရာရတနာ” မြို့တော်ခန်းမတွင် ဇူလိုင်လ(၂၃)ရက်နေ့က ကျင်းပပြုလုပ်ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
