၂၀၁၈ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူများလက်ဝယ်သို့ အချိန်မီထုတ်ချေးရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၃ နာရီခွဲက ကျင်းပခဲ့ပါသည်။ (ပုံ)
May 2018 Archives
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် (၁၇.၅.၂၀၁၈) နေ့မှစ၍ ၂၀၁၈မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေ စတင်ထုတ်ချေးတော့မည် ဖြစ်ပြီး တောင်သူတစ်ဦးချင်းကိုယ်တိုင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) မူရင်းကို ဘဏ်သို့ အပေါင်အဖြစ်ပေးအပ်၍ ကိုယ်တိုင်အာမခံသည့်စနစ်ဖြင့် ထုတ်ချေးမည်ဖြစ်ကြောင်း တောင်သူလယ်သမားဦးကြီးများသို့အသိပေးကြေငြာချက်ထုတ်ပြန်ခဲ့ပါသည်။(ပုံ)
