အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း

Last Date

Tender Description

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုငွေဖြင့်ဆောင်ရွက်မည့် မဟာဗျူဟာမြောက် လုပ်ငန်းစီမံကိန်းဖြစ်သော အာမခံလုပ်ငန်း စနစ်များ စုစည်းမြှင့်တင်ခြင်းစီမံကိန်း (Integrated Insurance Solutions Project) နှင့် နိုင်ငံ့ဝန်ထမ်း အသက်အာမခံ(ကာလတို)လုပ်ငန်းအတွက် အောက်ဖော်ပြပါပစ္စည်းများကို မြန်မာကျပ်ငွေဖြင့် တင်ဒါခေါ်ယူ လိုပါသည်။

၁။ အာမခံလုပ်ငန်းစနစ်များ စုစည်းမြှင့်တင်ခြင်းစီမံကိန်းလုပ်ငန်းအကျဉ်းချုပ်

    အာမခံလုပ်ငန်းရပ် တစ်ခုချင်းစီအား ကွန်ပျူတာဖြင့် online payment စနစ် ဆောင်ရွက်ရန်၊ လုပ်ငန်းများအားလုံးအား စုစည်း(Integration)အဆင့်မြှင့်တင်ပြီး ရန်ကုန်ရုံးချုပ်နှင့် ရုံးခွဲ(၄၀)ရုံးတို့တွင် ချိတ်ဆက်၍ တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်ရန်ဖြစ်ပါသည်။

၂။ နိုင်ငံ့ဝန်ထမ်းအသက်အာမခံ(ကာလတို)ကွန်ပျူတာစနစ်

နိုင်ငံ့ဝန်ထမ်းအသက်အာမခံ(ကာလတို)လုပ်ငန်းအား ကွန်ပျူတာဖြင့် online payment စနစ် ဆောင်ရွက်ရန်၊ ရန်ကုန်ရုံးချုပ်နှင့် ရုံးခွဲ(၄၀)ရုံးတို့တွင် စနစ်ချိတ်ဆက်၍ တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ရန် အတွက် ဆောင်ရွက်ရန်ဖြစ်ပါသည်။

 

၃။ တင်ဒါပုံစံရောင်းချမည့်ရက် - ၂၄-၁-၂၀၂၀ (သောကြာနေ့)

    အသေးစိတ်အချက်အလက်များရှင်းလင်းမည့်ရက် - ၃-၂-၂၀၂၀ (တနင်္လာနေ့)

    တင်ဒါပိတ်မည့်ရက် - ၂၄-၂-၂၀၂၀ (တနင်္လာနေ့)

 

၄။ တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါလိပ်စာတွင် ရုံးချိန်အတွင်း လာရောက် စုံစမ်းဝယ်ယူနိုင်ပါသည်။

ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီ

မြန်မာ့အာမခံလုပ်ငန်း

ဖုန်း- ၀၁ ၂၄၆၉၀၂

Attachment Size
Open Tender.pdf 63.17 KB