IMF, Statistics Department မှကြီးမှူး၍ Government Finance Statistics and Public Sector Debt Statistics Workshop ကျင်းပခြင်း

မြန်မာနိုင်ငံတွင် အစိုးရဘဏ္ဍာရေးစာရင်းအင်းများ စုစည်းပေါင်းချုပ်ခြင်းနှင့် အစီရင်ခံခြင်း တို့အား နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့ပူးပေါင်း၍Government Finance Statistics and Public Sector Debt Statistics Workshop အား၂၀၁၈ ခုနှစ်မတ်လ ၅ ရက်နေ့မှ၈ရက်နေ့အထိ နေပြည်တော် Hilton Hotel တွင်ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအလုပ်ရုံဖွင့်ပွဲအခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

          ယင်းအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ငွေတိုက် ဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ အထွေထွေမန်နေဂျာနှင့် ညွှန်ကြားရေးမှူးများ၊ IMF မှ Mr. Yasuhisa Ojima၊ Resident Representative for Myanmar ၊ Senior Economist ဖြစ်သူ Mr. Tobias Wickens၊ Ms. Yuwawan Boonyaleephan၊ GFS Expert နှင့် GFS Advisor ဖြစ်သူMr. Teruhide Kanada တို့တက်ရောက်ခဲ့ကြပါသည်။

၂၀၁၈ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ (၄) ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် Government Finance Statistics and Public Sector Debt Statistics Workshop တွင် IMF မှ ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးပို့ချခဲ့ပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ မြန်မာ့ စီးပွားရေးဘဏ်နှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့မှ သင်တန်းသားစုစုပေါင်း (၃၅) ဦးခန့်တက်ရောက် ခဲ့ကြပါသည်။