အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် သတ်မှတ်ထားသည့် အထူးကုန်စည်များနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် သတ်မှတ်ထားသည့် အထူးကုန်စည်များနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်
- အရက်အမျိုးမျိုး၊ စီးကရက်အမျိုးမျိုး၊ ဝိုင်အမျိုးမျိုးနှင့် ဆေးပေါ့လိပ်အမျိုးမျိုးတို့ကို အခွန် အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရမည့်ကုန်စည်များအဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန် သတ်မှတ် ထားပြီးဖြစ်ပါသည်။
- ယင်း အထူးကုန်စည်အမျိုးအစားများနှင့်စပ်လျဉ်း၍ အောက်ပါကိစ္စရပ်များကို တွေ့ရှိပါက ပြည်တွင်းအခွန်များဦးစီးဌာနသို့ သတင်းပေးတိုင်ကြားနိုင်ပြီး ဆုကြေးငွေထုတ်ယူနိုင်ပါသည်- (၁) အခွန်အမှတ်တံဆိပ်များကပ်နှိပ်ထားမှုမရှိခြင်း၊ (၂) အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသော်လည်း ထိုကပ်နှိပ်ထားသည့်အမှတ်တံဆိပ်မှာ အတု ဟု ယူဆနိုင်ဖွယ်ရာရှိခြင်း၊ (၃) အခွန်အမှတ်တံဆိပ်အတုများထုတ်လုပ်ဆောင်ရွက်သည်ကို တွေ့ရှိခြင်း၊ (၄) ပြည်ပမှတရားမဝင်တင်သွင်းရောင်းချမှုများတွေ့ရှိရခြင်း။
- သတင်းပေးတင်ပြသူ မည်သူမည်ဝါဖြစ်ကြောင်းကို အစိုးရကိစ္စမှတစ်ပါး ထုတ်ဖော်ခြင်းပြုမည် မဟုတ်ပါ။
- သတင်းပေးသူအား ချီးမြှင့်မည့်ဆုကြေးပမာဏမှာ အထူးကုန်စည်ခွန်ဥပဒေပုဒ်မ၂၂ ပုဒ်မခွဲ(ဂ) အရ တပ်ရိုက်သည့် ဒဏ်ငွေအဖြစ် ကောက်ခံရရှိငွေ၏ ၂၀ ရာခိုင်နှုန်း ဖြစ်ပါသည်။
- ဆက်သွယ်တိုင်ကြားရမည့်တိုင်းဒေသကြီး/ပြည်နယ်အခွန်ရုံးများ၏ဖုန်းနံပါတ်များမှာအောက်ပါ အတိုင်းဖြစ်ပါသည် -
| စဉ် | ပြည်နယ်/တိုင်း | ဖုန်းနံပါတ် |
| ၁။ | ကချင် | ၀၇၄−၂၂၈၉၃ |
| ၂။ | ကယား | ၀၈၃−၂၂၂၁၆၉၄ |
| ၃။ | ကရင် | ၀၅၈−၂၁၀၈၅ |
| ၄။ | ချင်း | ၀၇၀−၂၁၉၄၂ |
| ၅။ | စစ်ကိုင်း | ၀၇၁−၂၃၃၂၅ |
| ၆။ | တနင်္သာရီ | ၀၅၉−၂၃၅၈၀ |
| ၇။ | ပဲခူး | ၀၅၂−၂၂၀၀၀၆၁ |
| ၈။ | မကွေး | ၀၆၃−၂၀၂၃၂၁၄ |
| ၉။ | မန္တလေး | ၀၂−၄၀၆၁၄၉၅ |
| ၁၀။ | မွန် | ၀၅၇−၂၃၀၁၈ |
| ၁၁။ | ရခိုင် | ၀၄၃−၂၃၃၇၆ |
| ၁၂။ | ရန်ကုန် | ၀၁−၂၅၂၅၁၆ |
| ၁၃။ | ရှမ်း | ၀၈၁−၂၀၂၁၇၂ |
| ၁၄။ | ရာဝတီ | ၀၄၂−၂၄၅၂၉ |
| ၁၅။ | ပြည်ထောင်စုနယ်မြေ | ၀၆၇−၅၅၀၁၆၇ |
ပြည်တွင်းအခွန်များဦးစီးဌာန
