စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် JICA အဖွဲ့ အစည်း၏ ကူညီမှုဖြင့် (Two Step Loan) ချေးငွေစတင်ထုတ်ချေးသည့် အခမ်းအနား ကျင်းပခြင်း
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် JICA အဖွဲ့ အစည်း၏ ကူညီမှုဖြင့် (Two Step Loan) ချေးငွေစတင်ထုတ်ချေးသည့် အခမ်းအနားကို ပြည်မြို့ “သရေခေတ္တရာရတနာ” မြို့တော်ခန်းမတွင် ဇူလိုင်လ(၂၃)ရက်နေ့က ကျင်းပပြုလုပ်ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ယင်းအခမ်းအနားတွင် ထွန်စက်ဝယ်ယူရန်အတွက် ပြည်မြို့ရှိ တောင်သူ(၃)ဦးအား ကျပ်သိန်း (၁၃,၂၈,၈၀,၀၀၀)တစ်ထောင့်သုံးရာ နှစ်ဆယ့်ရှစ်သိန်း ရှစ်သောင်းအား ထုတ်ချေးခဲ့ ပါသည်။
