Pension Management Web Portal Development လုပ်ငန်း Upgrade ဆောင်ရွက်ခြင်း (Phase II) အကောင်အထည်ဖော်ခြင်းလုပ်ငန်းအတွက် ငွေကြေးအဆိုပြုလွှာ တင်ဒါဖွင့်ဖောက်စိစစ်ခြင်း အခမ်းအနားအား ၃-၅-၂၀၂၁ ရက်နေ့တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို တင်ဒါကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာကုမ္ပဏီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ကုမ္ပဏီ (၃) ခုမှ တင်သွင်းလာသော ငွေကြေးအဆိုပြုလွှာများကို တင်ဒါကော်မတီအဖွဲ့ဝင်များ ရှေ့မှောက်တွင် ဖွင့်ဖောက် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

Pension Management Web Portal Development လုပ်ငန်း Upgrade ဆောင်ရွက်ခြင်း (Phase II) အကောင်အထည်ဖော်ခြင်းလုပ်ငန်းအတွက် နည်းပညာအဆိုပြုလွှာဖွင့်ဖောက်စစ်ဆေးခြင်းနှင့် ကုမ္ပဏီများမှ Presentation တင်ပြခြင်း အခမ်းအနားအား ၂၃-၄-၂၀၂၁ ရက်နေ့တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ကုမ္ပဏီများမှ ၎င်းတို့၏ နည်းပညာရှင်းလင်းချက်များကို Online စနစ်ဖြင့် တင်ပြခဲ့ကြပါသည်။ တင်ဒါကော်မတီအဖွဲ့ဝင်များမှ ကုမ္ပဏီများ၏ နည်းပညာရှင်းလင်းချက်များအပေါ် စစ်ဆေးအကဲဖြတ် အမှတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေးကော်မတီ (၁/၂၀၂၁) အစည်းအဝေးကို ၂၂-၄-၂၀၂၁ ရက်နေ့၊ နေ့လည်(၁)နာရီတွင် ရုံးအမှတ်(၃၄)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အဖွင့်အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူး ပင်စင်ဦးစီဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးမှ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည် ဖော်ဆောင်ရေးအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းနောက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင် အထည်ဖော်ရေးအပေါ် အစည်းအဝေးသို့တက်ရောက်လာကြသည့် ကော်မတီဝင်များ