August 2022 Archives
၅-၈-၂၀၂၂ ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ ပင်စင်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေနှင့် စပ်လျဉ်း၍ ၁၃-၇-၂၀၂၂ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သော ညှိနှိုင်းအစည်းအဝေးမှ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေးအတွက် အစည်းအဝေးအား ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ဦးဆောင်၍ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်း၊ ဌာနခွဲတာဝန်ခံညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက် ညွှန်ကြားရေးမှူးများက တက်ရောက်ခဲ့ကြပါသည်။
၁၃-၇-၂၀၂၂ ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆)၊ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေထူထောင်ရေး အကောင်အထည် ဖော်ဆောင်ရွက်မှု အခြေ အနေများနှင့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ စီမံခန့်ခွဲရေးဘုတ်အဖွဲ့ရုံး တည်ဆောက်ရန် မြေပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်မှ ဦးဆောင်၍ ကျင်းပဆောင်ရွက်ခဲ့ ပါသည်။အဆိုပါအစည်းအဝေးသို့ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေးကော်မတီ၏ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန
