ပြည်တွင်းအခွန်များဦးစီးဌာန၊ ပင်စင်ဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ် ပူးပေါင်း၍ ပင်စင်ငွေပေးမိန့်လွှာများတွင် QR Code စနစ်ဖြင့် စိစစ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်ဆောင်ရွက် ထားရှိမှုအား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးအား ၂၃-၃-၂၀၂၃ ရက်နေ့ (ကြာသပတေးနေ့) ၊ နေ့လယ် (၁၂:၃၀) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) ၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် ၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်နှင့် မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေမန်နေဂျာ ဒေါ်ခင်ချိုဦးနှင့် တာဝန်ရှိသူများ၊ ပင်စင်ဦးစီးဌာန