၂၆-၆-၂၀၂၃ ရက်နေ့၊ နေ့လည် (၀၂း၀၀) နာရီအချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းများ၏ သား/သမီး၊ ကျောင်းသား/သူများအား ပညာသင်ထောက်ပံ့ကြေးဆုပေးပွဲ အခမ်းအနားအား ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ပင်စင်ဦးစီးဌာန(ရုံးချုပ်) မှ သက်ဆိုင်ရာဌာနခွဲ တာဝန်ခံများ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
July 2023 Archives
ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်မှ (၁၃-၆-၂၀၂၃) ရက်နေ့တွင် ရခိုင်ပြည်နယ်တွင် အလွန့်အလွန် အားကောင်းသည့် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန/လုပ်ငန်းအဖွဲ့အစည်း (၁၀) ခုသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မိုခါမုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုနှင့်ပတ်သတ်၍ ပြည်ထောင်စုဝန်ကြီး ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်မှာကြားခဲ့ပါသည်။
