ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ၃၀-၁၁-၂၀၂၃ ရက်နေ့၊ နံနက်(၉:၃၀) နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်း အဝေးသို့ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင်များ ဖြစ်ကြသည့် ဝန်ကြီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ စုံညီစွာ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး၊

ပင်စင်ဦးစီးဌာန၏ Pension Web Portal Phase III အကောင်အထည်ဖော်ဆောင်ရွက်မည့် Design ပုံစံ၊ လုပ်ငန်းအစီအစဉ်နှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေ တင်ပြခြင်းအစည်းအဝေးကို ၂၄-၁၁-၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင်  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ ပင်စင်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ အရည်အသွေးစစ်ဆေးရေးနှင့်လက်ခံရေးကော်မတီအဖွဲ့ဝင်များ၊ D.I.S Technology Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး D.I.S Technology Co.,Ltd မှ Pension Web Por