January 2024 Archives
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ ၁၆-၁-၂၀၂၄ ရက်နေ့တွင် ကျရောက် သော ( ၄၈ ) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နံနက်ပိုင်း၌ ပင်စင်ဦးစီးဌာန၊ ဘုရားခန်းတွင် သံဃာတော် ( ၅ ) ပါးအား ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ သက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူးများနှင့် ပင်စင်ဦးစီးဌာနမှ ဝန်ထမ်းများမှ ဆွမ်း၊ သင်္ကန်းပရိက္ခရာနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ တရားတော်နာယူခဲ့ကြပါသည်။
“ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့” ၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ အစည်းအဝေးခန်းမတွင် ၁၅-၁-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်နှင့် လုပ်ငန်းအဖွဲ့ဝင်များ ဖြစ်ကြသည့် ပင်စင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ စုံညီစွာ တက်ရောက်ကြသည်။
