စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနရှိ ဝန်ထမ်းများ၏ သား/သမီး၊ ကျောင်းသား/သူများ ပညာသင်ထောက်ပံ့ကြေးဆုပေးပွဲ အခမ်းအနားအား ၂၄-၇-၂၀၂၄ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရုံးချုပ်ရှိ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေတာဝန်ခံတို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှုးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန ( ရုံးချုပ် )နှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ (၆/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၂၄-၇-၂၀၂၄ ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရုံးချုပ်ရှိ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေတာဝန်ခံတို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှုးများမှ Video Conferencing စနစ်ဖြင့် တက်ရောက

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ စာကြည့်တိုက်ဖွင့်လှစ်ထားရှိမှုနှင့် e-Library ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်းကို ၁၇-၇-၂၀၂၄ ရက်နေ့၊ နံနက် (၁ဝး၃ဝ) နာရီအချိန်တွင် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်မှ လာရောက်စစ်ဆေးရာ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်နှင့် တာဝန်ရှိသူများက စာကြည့်တိုက်ဖွင့်လှစ်ထားရှိမှုနှင့် e-Library ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။