ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအထောက်အကူပြုအဖွဲ့၏ (၂/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကို   ၂၄ - ၉ -၂၀၂၄ ရက် (အင်္ဂါနေ့)၊ နေ့လယ် (၂:၀၀) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)၊ပင်စင်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအထောက်အကူပြုအဖွဲ့၏ ဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ စုံညီစွာ တက်ရောက်ကြသည်။ အစည်းအဝေးတွင် အဖွဲ့ ဥက္ကဋ္ဌ၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က အဖွင့်အမှာစကားပြောကြားပ