Date:

Pension Management Web Portal Development လုပ်ငန်း Software Upgrade ဆောင်ရွက်ခြင်းအတွက် (၃-၆-၂၀၂၁)ရက်နေ့တွင် ပင်စင်ဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် TrustLink Co.,Ltd နှင့်
အသိသက်သေများရှေ့မှောက်တွင် စာချုပ်ချုပ်ဆိုလက်မှတ်ထိုးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

Date:

Pension Management Web Portal Development လုပ်ငန်း Upgrade ဆောင်ရွက်ခြင်း (Phase II) အကောင်အထည်ဖော်ခြင်းလုပ်ငန်းအတွက် ငွေကြေးအဆိုပြုလွှာ တင်ဒါဖွင့်ဖောက်စိစစ်ခြင်း အခမ်းအနားအား ၃-၅-၂၀၂၁ ရက်နေ့တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို တင်ဒါကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာကုမ္ပဏီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ကုမ္ပဏီ (၃) ခုမှ တင်သွင်းလာသော ငွေကြေးအဆိုပြုလွှာများကို တင်ဒါကော်မတီအဖွဲ့ဝင်များ ရှေ့မှောက်တွင် ဖွင့်ဖောက် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

Date:

Pension Management Web Portal Development လုပ်ငန်း Upgrade ဆောင်ရွက်ခြင်း (Phase II) အကောင်အထည်ဖော်ခြင်းလုပ်ငန်းအတွက် နည်းပညာအဆိုပြုလွှာဖွင့်ဖောက်စစ်ဆေးခြင်းနှင့် ကုမ္ပဏီများမှ Presentation တင်ပြခြင်း အခမ်းအနားအား ၂၃-၄-၂၀၂၁ ရက်နေ့တွင် ပင်စင်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ကုမ္ပဏီများမှ ၎င်းတို့၏ နည်းပညာရှင်းလင်းချက်များကို Online စနစ်ဖြင့် တင်ပြခဲ့ကြပါသည်။ တင်ဒါကော်မတီအဖွဲ့ဝင်များမှ ကုမ္ပဏီများ၏ နည်းပညာရှင်းလင်းချက်များအပေါ် စစ်ဆေးအကဲဖြတ် အမှတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။