ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေးအထောက်အကူပြုအဖွဲ့ကို ၁၉-၁-၂၀၂၃ ရက်စွဲပါ ရုံးအမိန့် အမှတ် (၂) ၊ အမှတ် ၁၂/၂၀၂၃ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သဖြင့် အဆိုပါအဖွဲ့၏ ၁/၂၀၂၃ ကြိမ်မြောက်အစည်းအဝေးကို ၁၉-၁-၂၀၂၃ ရက်နေ့ ၊ နေ့လယ် (၁၅း၀၀) နာရီတွင် ပင်စင်ဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေး အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့် ၊ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်း နှင့် ပင်စင်ဥပဒေသုံးသပ်ပြင်ဆင်ရေး အထောက်အကူပြု အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ဥက္ကဋ္ဌ ၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က အ